ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံများ နာရေး သင်္ဂြိုဟ်ရန် အခက်အခဲနှင့် ကြုံနေရကြောင်း သတင်းရသည်။ စစ်တွေတွင် မှန်စီ သုသာန်နှင့် အာကျိတ်တော်ကုန်း သုသာန်ရှိပြီး မှန်စီ သုသာန်မှာ အကြမ်းဖက်မှု ပဋိပက္ခများကြောင့် ယာယီရပ်ဆိုင်း ထားကြောင်း၊ အာကျိတ်တော်ကုန်း သုသာန် ဟောင်းမှာ မြေနေရာ အဆင်မပြေသဖြင့် အသုဘ ရုပ်ကလာပ်များကို တကြိမ်တည်း သင်္ဂြိုဟ်ရန် စုထားရသော်လည်း အအေးခန်း မရှိ၍ အခက်အခဲ ဖြစ်နေကြောင်း The Voice Weekly တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။