လူမှုအခက်အခဲများကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများက ဦးဆောင်ကျင်းပမည့် စေတနာဝဿန် ရန်ပုံငွေ ဂီတပွဲကို Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ရန် ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ယင်းဂီတပွဲကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုရန် ၈၈ မျိုးဆက်က စာရေးသားတင်ပြခဲ့ကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး ဦးအောင်ကြည်က ခွင့်ပြုခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။