သမ္မတ ဦးသိန်းစိန်က မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖျက်သိမ်းရန် သဘောတူညီချက်အတွက် ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ယနေ့ သဝဏ်လွှာ ပေးပို့ကြောင်း သိရသည်။ လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အချိန်ယူ ပြင် ဆင်ရန် လိုအပ်သောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဖျက်သိမ်းအတွက် ထိုသို့ သဝဏ်လွှာ ပေးပို့ရခြင်း ဖြစ်ကြောင်း 7day ဂျာနယ် ဖေ့စ်ဘုတ်၌ ဖော်ပြသည်။ အမှတ်(၁) နှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ၂ ခုကိုလည်း ပေါင်း၍ ”လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန” တခုတည်းအဖြစ် ပြုလုပ်ရန် သမ္မတ က သြဂုတ် ၂၉ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ သဝဏ်လွှာ ပို့ထားသေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။