တပ်မတော် အတွင်းရှိ အရွယ်မရောက်သေးသူ ကလေးစစ်သား ၄၂ ဦးကို စစ်မှုထမ်းဆောင်ခြင်းမှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းရသည်။ ၎င်းတို့အား မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံမှုကို ယနေ့ ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ပြုလုပ်သည်။ တပ်မတော်မှ နုတ်ထွက်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ကြောင်း 7day ဂျာနယ် ဖေ့စ်ဘုတ် ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။