ထိုင်းနိုင်ငံ စွမ်းအင် ကုမ္ပဏီ ဖြစ်သည့် PTTEP က မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကမ်းလွန် လုပ် ကွက် M11 ကို ပြင်သစ် TOTAL ၊ ဂျပန် JX Nippon Oil & Gas Exploration ကုမ္ပဏီများနှင့် ရှယ်ရာခွဲဝေ လုပ်ကိုင်ရန် ရွေးချယ်ကြောင်း သိရသည်။ TOTAL က ၄၀ ရာခိုင်နှုန်း၊ JX Nippon Oil & Gas Exploration က ၁၅ ရာခိုင်နှုန်း နှင့် PTTEP က ၄၅ ရာခိုင် နှုန်းစီ ခွဲဝေလုပ်ကိုင်မည်ဖြစ်သည်ဟု Reuters သတင်းတွင် ပါရှိသည်။ PTTEP သည် မြန်မာနိုင်ငံ စွမ်းအင်လုပ်ကွက်များ ဖြစ်သော ရဲတံခွန် နှင့် ရတနာ၊ ဇောတိက ၊ M3 နှင့် M11 စသည်တို့တွင် ရင်းနှီး လုပ်ကိုင်နေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။