စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီး အဖြစ်လည်းကောင်း သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို စာရင်းစစ်ချုပ် အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းကို မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေမည်ဟု သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားကြောင်း The Voice Weekly ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။