တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ကျပ် သိန်း ၄၀ ကျော် အရေအတွက်ရှိ အတုဟု ယူဆရသော ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ယခု ရက်ပိုင်းအတွင်း ဖမ်းမိကြောင်း သိရသည်။ ယင်းငွေများကို ကိုင်ဆောင်သည့် အမျိုးသမီး တဦးကိုလည်း ရဲ တပ်ဖွဲ့က စက်တင်ဘာ ၂ ရက်နေ့တွင် ဖမ်းဆီး၍ စစ်ဆေးနေကြောင်း၊ ကော့သောင်းမြို့အတွင်း ထိုငွေစက္ကူများ ပျံ့နှံ့နေ၍ မြို့ခံ ငွေလဲလှယ် ရေး ဆိုင်များနှင့် အရောင်းအဝယ်လုပ်သူများက စိုးရိမ်ပူပန်မှု ဖြစ်နေကြောင်း VOA သတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။