ကနေဒါနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီး H.E.Mr.Edward Fast နှင့် သမ္မတ ဦးသိန်းစိန် ယမန်နေ့က နေပြည်တော် ၌ တွေ့ဆုံသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံရေး ၊ စီးပွားရေးများ အပြင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံမည့် ကနေဒါနိုင်ငံသားများအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးရေး၊ မြန်မာနိုင်ငံတွင် ကနေဒါ သံရုံး ဖွင့်လှစ်ရေး စသည်တို့ကို ဆွေးနွေးကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။