ထိုင်း-မြန်မာ နယ်စပ် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ဆက်ဆံရေး ရုံးကို ကော့သောင်းမြို့၌ ဖွင့်လှစ်လိုက် ကြောင်း သိရသည်။ သြဂုတ် ၃၀ ရက်က ဖွင့်လှစ်လိုက်သော အဆိုပါ ရုံးသည် ဒုတိယမြောက် ဖြစ်ကြောင်း၊ ပထမရုံးကို မတ်လ ၂၂ ရက်က တာချီလိတ်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တတိယ မြောက်ရုံးကို ကရင်ပြည်နယ် မြဝတီ မြို့၌ ယခုနှစ်မကုန်ခင် ဖွင့်လှစ်ရန် စီစဉ်ထား ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘော တူညီချက်အရ ထိုရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။