• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ

by ကြယ်ပြာ
4 September 2012
in သတင်း
A A
တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ

စက်တင်ဘာလ ၁ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ်သို့ ရေဘေး အကူအညီအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျပ် သိန်း ၂၀ သွားရောက် လှူဒါန်းစဉ် (ဓာတ်ပုံ - News and Information Department of NLD / Facebook)

8.9k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ ပေးပို့ထားသော ပါတီဝင် လျှောက်လွှာ ၆၀၀ ကျော် ပျောက်ပျက်ခဲ့ကြောင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင် အဖွဲ့ဝင် ၁၅ ဦး ခန့်အပ်ရာတွင် ဒေသခံပါတီဝင်များ၏ သဘောထားကို တောင်းခံခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ နေ့လည် ၁ နာရီမှ စတင်၍ တွံတေးမြို့ပေါ်၌ NLD အဖွဲ့ဝင်များ ဆန္ဒပြကြကြောင်း သိရသည်။

RelatedPosts

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
29
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
174
ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

16 May 2025
30

“ဖောင်တွေသွားပို့ရင် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါလို့ ပြောရင် မထိုးပေးနိင်ဘူး၊ တင်ချင်တင် မတင်ချင်နေလို့ ပြောတယ်၊ ဖောင်တွေပျောက်တာကလည်း များပြီ။ ဧရာဝတီတတိုင်းလုံး ပျောက်နေတာပဲ။ ဒါတွေကို သည်းမခံနိုင်တော့လို့ ဆန္ဒပြရတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တွံတေးမြို့နယ် NLD ပါတီဝင် ဦးဇော်မင်းထွန်းက ပြောသည်။

လူအင်အား ၁၀၀ ဖြင့် ဆန္ဒပြလိုကြောင်းစာအား သြဂုတ်လ ၁၅ ရက်နေ့တွင် အာဏာပိုင်များထံ တင်ခဲ့ကြောင်း၊ တွံတေးမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၇၃ အုပ်စုအတွင်း ရွာပေါင်း၂၁၉ ရွာတွင် NLD အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း၊ လူအင်အား ၁၀၀ ဖြင့်သာ ပြုလုပ်မည်ဟု စာတင်ထားခြင်းကြောင့် ယင်း ကျေးရွာတခုချင်းစီမှ အဖွဲ့အား ကိုယ်စားပြုပြီး အများဆုံး လူ ၂ ဦးသာ လာရန် ညွှန်ကြားထားကြောင်း သိရသည်။

တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ ၁၀ လမ်းတွင် ပြုလုပ်သော ဆန္ဒပြပွဲသို့ ဆန္ဒပြသူ ၁၀၀ နှင့် လိုက်ပါအားပေးသူ ၁၅၀ ခန့် လာရောက်ကြောင်း သိရှိရသည်။

NLD ရုံးချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်ကတော့ ဘာမှမသိဘူး။ ဘာမှလဲ မကြားဘူး” ဟု ဆိုသည်။

တွံတေးမြို့နယ် ညီလာခံ ပေါ်ပေါက်ရေး ကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် NLD ဗဟိုမှ ဖွဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တချို့သော ရပ်ကွက်များတွင် လမ်းတလမ်းထဲ၌ NLD ပါတီရုံး နှစ်ခု ရှိနေကြောင်း သိရသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဦးကမူ “သူတို့မကြိုက်ရင် ဗြောင်လာပြောပေါ့။ ဟိုတခါကလည်း ပုသိမ်မှာ ဆူခဲ့ပြီးပြီ။ ဒါကို ထပ်လုပ်ကြပြန်ပြီ။ အရင်ကသူတို့ အဲလို မဟုတ်ကြဘူး။ သူတို့အချင်းချင်း ညှိကြပါလား” ဟု ပြောသည်။

Your Thoughts …
Tags: NLDProtest
ကြယ်ပြာ

ကြယ်ပြာ

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
တာလီဘန် ခြိမ်းခြောက်မှု မြန်မာ မွတ်စလင်များ ဆန့်ကျင်

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး လူထု စည်းဝေးပွဲ ကျင်းပမည်

ဒု ဝန်ကြီး အပြောင်းအလဲများ ပြုလုပ်

Please login to join discussion
No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate