• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNU နှင့် အစိုးရ သဘောတူညီချက်များ ထပ်မံရရှိ

by သန်းထိုက်ဦး
4 September 2012
in သတင်း
A A
KNU နှင့် အစိုးရ သဘောတူညီချက်များ ထပ်မံရရှိ

KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ စက်တင်ဘာ ၃ ရက်က ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - KIC)

3.4k
VIEWS
Share on FacebookShare on Twitter

အစိုးရ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ နှစ်ဘက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဘားအံမြို့တွင် ယမန်နေ့မှ စတင်၍ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေး၍ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ၅ချက်ကို ယနေ့ လက်မှတ်ရေးထိုး လိုက်ကြသည်။

အဆိုပါ သဘောတူညီချက်များတွင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ(Code of Conduct)၊ တပ်ပိုင်း ဆိုင်ရာ ကိစ္စများကို ဆက်လက်ဆွေးနွေးရေး၊ ယခုနှစ် မကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးရေး နှင့် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာ စေရေး အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စသည့် အချက်တို့ ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်း ရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
14
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
46
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
261

ပြည်သူလူထု အတွက် အာမခံချက်ရှိသော လုံခြုံမှု ရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးအတွက် ဦးတည် သည့် အချက်များကို အဓိကထားပြီး တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း KNU က ပြောဆိုထားသည်။

“အဓိက အချက် ၅ ချက်ကို သဘော တူညီမှု ရတယ်၊ ပထမ ကတော့ Code of Conduct ပေါ့ အပိုဒ် ၁၁ ပိုဒ် ပါပြီးတော့ အချက် ၃၄ ချက်ပါတဲ့ Code of Conduct ကို ဒုတိယ မူကြမ်း  သဘောတူညီမှု ရတယ်၊ အဲဒါကို သူတို့ တဖြည်းဖြည်း ပြုလုပ် သွား မယ်၊ ၂ အချက်ကတော့ သူတို့ တပ်ပိုင်ဆိုင်ရာ ကိစ္စတွေကို နောက်အစည်းအဝေးတွေမှာ ဆက်ပြီးဆွေးနွေးဖို့ သဘောတူကြတယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။

KNU မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် တချို့နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဌ ဦးအောင်မင်း တို့က လက်မှတ်ရေးထိုးကြကြောင်း ဦးလှမောင်ရွှေက ဆက်ပြော သည်။

KNUအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးကလည်း အဆိုပါ မူကြမ်း၌ အပစ်အခတ်ရပ်စဲရေး အတွက် အရေကြီးသော အချက်များ ပါဝင်ကြောင်း ရှင်းပြသည်။

“ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး အတွက်ဖြစ်ဖို့ အရေးကြီးပါတယ်၊ အနှစ်ချုပ်တွေ ဖွင့်ဆိုတဲ့ အချက်ကနေပြီးတော့ အထွေထွေ အာမခံချက် နောက် စစ်သည်တော် ကျင့်ဝတ်၊ ပြည်သူလူထုကို ဆက်ဆံခြင်း၊ ဘယ်လိုပုံစံနဲ့ ဆက်ဆံရမလဲ၊ အချက်တိုင်းက အရေး ကြီးပါတယ်၊ အရေးကြီးတဲ့ အချက်တွေကိုပဲ ထည့်ထားပါတယ်”ဟု မနော်မေဦးက ပြောဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေး လေ့လာသူတချို့က KNU ၏ ဖိတ်ကြားချက်ဖြင့် တက်ရောက်ကြသည် ဟု ဆိုသည်။

ပြီးခဲ့သည့်လ ၅ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့၌ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဦးအောင် မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမည့် ပွဲတွင် ခိုင်မာသည့် အပစ် အခတ် ရပ်စဲရေး ပေါ်ပေါက်စေရေး အတွက် အလွတ်သဘော ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့်တွေ့ဆုံဆွေးနွေးပွဲ အနေနှင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်း ချမ်း ရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုး ရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။

Your Thoughts …
Tags: CeasefireKaren StateKNU
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
ကိုမိုးသီးဇွန်နှင့် ABSDF အဖွဲ့ဝင်များ မြန်မာပြည် ပြန်နေမည်

ကိုမိုးသီးဇွန်နှင့် ABSDF အဖွဲ့ဝင်များ မြန်မာပြည် ပြန်နေမည်

ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်ကို စိုးရိမ်နေ

ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်ကို စိုးရိမ်နေ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate