မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ အရန်ဆန် တန် ၁ သိန်းကျော်ကို သက်သာသော နှုန်းထားဖြင့် စားသုံးနိုင်ရန် ယခု လဆန်း ပိုင်းမှ စတင်၍ တိုက်ရိုက် ထုတ်ရောင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းဆန်များသည် တိုင်းဒေသ အသီးသီးရှိ ဆန် ကုန်သည်များ သိုလှောင် ထားသော ဆန်များ ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း မိုးများပြီး ရေကြီးရေလျှံ ဖြစ်၍ လယ်ယာ ဧက များစွာ ရေနစ်မြုပ်မှုကြောင့် ဆန်စပါး ပြည်တွင်း လိုအပ်ချက် အခက်အခဲ မဖြစ်စေရန်နှင့် ဈေးနှုန်းများ ထိန်းသိမ်းနိုင်ရန် အတွက်ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ရေကြီး ရေလျှံဖြစ်မှုကြောင့် ဧရာဝတီ တိုင်းတခုတည်းတွင်ပင် လယ် ဧက ၂ သိန်း ကျော် ရေနစ်မြုပ်ခဲ့သည်ဟု ဆန်စပါး လုပ်ငန်း အသင်း က ပြောဆိုကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။