မြန်မာ နိုင်ငံရေးပါတီများ အမေရိကန်နိုင်ငံသို့ လေ့လာရေး ခရီး ရောက်ရှိနေသည်။ သတင်းမီဒီယာ နှင့် ပြည်သူ့ ဆက်ဆံရေး အစီအစဉ်အရ အမေရိကန်နိုင်ငံခြားဝန်ကြီး ဌာန၏ ဖိတ်ကြားချက်ဖြင့် အမေရိကန် နိုင်ငံရေးကို လေ့လာရန် သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ သွားရောက်ခြင်း ဖြစ်ကြောင်း၊ သွားရောက်လေ့လာသူများတွင် တစည ပါတီမှ ကိုဇင်မောင်မောင်ဌေး၊ NDF ပါတီမှ ကိုကျော်သူရ၊ ချင်း တိုးတက်ရေး ပါတီမှ ကိုရှိန်းထွန်း စသည်တို့ ပါဝင်ပြီး နိုင်ငံရေး ပါတီ ၈ ပါတီကို ဖိတ်ကြားခြင်း ဖြစ်ကြောင်း VOA သတင်း၌ ပါရှိသည်။ လက်ရှိတွင် အမေရိကန်၌ သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုများပြုလုပ်နေသော ကာလလည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။