မြန်မာနိုင်ငံ စွမ်းအင်လုပ်ငန်း ကဏ္ဍသည် လတ်တလောအခြေအနေအရ နိုင်ငံတကာအဆင့်မီ ပွင့်လင်း မြင်သာမှုရှိရန် ဆောင်ရွက် မည်ဆိုပါက ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသော စွမ်းအင် လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ စွမ်းအင် ဝန်ကြီးဌာနက ပြောဆိုသည်ဟု Reuters သတင်းတွင် ပါရှိသည်။ ရန်ကုန်မြို့တွင် ကျင်းပသော ဆွေးနွေးပွဲ တခု၌ အရာရှိတဦး၏ အလွတ်သဘော ပြောဆိုချက်ကို ဖော်ပြထားခြင်း ဖြစ်သည်။ စွမ်းအင် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွင် နိုင်ငံ တကာ စံနှုန်းအရ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ၊ ဇီဝမျိုးစိပ်များနှင့် ဒေသခံများ၏ လူမှုဘ၀ ထိခိုက်မှု ဆိုင်ရာများ နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိရမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။