ပြင်သစ်နိုင်ငံ ဆီးနိတ် အမတ် Mr. Gerard Midquel နှင့် သမ္မတ ဦးသိန်းစိန် တို့ ယမန်နေ့က နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံသည်။ ၎င်းတို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေး၊ စွမ်းအင် ကဏ္ဍ၊ စက်သွယ်ရေးနှင့် နည်းပညာ၊ စက်မှု လုပ်ငန်း စသည့် နိုင်ငံရေး၊ စီးပွားရေး များကို ဆွေးနွေးကြကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော အမေရိကန် ဆီးနိတ် အမတ် Mr. Dana Rohrabocher နှင့် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တို့ ယမန်နေ့က တွေ့ဆုံ ဆွေး နွေး ကြကြောင်းလည်း အစိုးရ သတင်းစာများက ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။