မြန်မာနိုင်ငံတွင်း၌ မာစတာ ကတ်(MasterCard) အကြွေး ဝယ်ခွင့်ကတ် လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း အစီအစဉ်ကို မြန်မာနိုင်ငံမှ Co-Operative Bank Limited (သမဝါယမ ဘဏ်)နှင့် ဆောင်ရွက်ရန် သဘောတူညီမှု ပြုလုပ်ထား ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ မာစတာကတ်ကို စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဘဏ်များ ဆက်ဆံလုပ်ကိုင်ရာတွင် လည်းကောင်း၊ ဘဏ်များက ငွေထုတ်၊ ငွေလွှဲ ရန်အတွက် စီစဉ်ပေးထားသော ATM စက်များ၌ လည်းကောင်း၊ အကြွေး ဝယ်ယူ ရာတွင် လည်းကောင်း သုံးနိုင်ကြောင်း သိရသည်။ MasterCard Inc သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် ဖြစ်ပြီး ကမ္ဘာတဝန်း နိုင်ငံပေါင်း ၂၀၀ ကျော် ချိတ်ဆက်လုပ်ကိုင်နေသော ငွေကြေး ဆိုင်ရာ လုပ်ငန်း ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။