နိုင်ငံတကာ အစ္စလမ် အဖွဲ့ တဖွဲ့ဖြစ်သော Organization of Islamic Cooperation (OIC)အဖွဲ့သည် ယမန်နေ့က မြန်မာ နိုင်ငံ သို့ သွားရောက်ကြောင်း သိရသည်။ ယင်း OIC အဖွဲ့သည် ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရိုဟင်ဂျာ မွတ် စလင်များ နှိပ်စက် ညှဉ်းပန်းခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး၍ အချက်အလက်များ စု ဆောင်းရန် ဖြစ်ကြောင်း အာရပ် သတင်း တပုဒ်တွင် ရေးသားထားသည်။ တွေ့ရှိရသော အချက်အလက်များကို ယခု လကုန်ပိုင်း တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပ၌ အစိုးရ ဝန်ကြီးအဆင့်နှင့် ညီမျှသော မြန်မာ့အရေးဆိုင်ရာ အဖွဲ့သို့ တင်ပြ ဆွေးနွေးရန် မျှော်လင့်ရသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။