• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်

by မေစစ်ပိုင်
6 September 2012
in သတင်း
A A
ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်

အရှိန်ထိန်းတိုင်းစက် အလုပ်လုပ်ပုံ (ဓာတ်ပုံ - မေစစ်ပိုင် / ဧရာဝတီ)

4.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို မောင်းနှင်သွားသည့် အချိန်၊ မောင်းနှင်သွားသည့် အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမည့် စက်ကိရိယာကို တပ်ဆင်သွားမည်ဟု အမြန်လမ်းမကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။

အရှိန်ထိန်းတိုင်းစက်သည် အရှိန်နှုန်း ၄၀၀ ကီလိုမီတာအထိ မှတ်တမ်းတင်နိုင်ပြီး ရေဒါစနစ် ပါဝင်ကြောင်း၊ လမ်းမကြီးပေါ်တွင် မိုင်နှုန်းပိုမို မောင်းနှင်လာသည့် ယာဉ်၏ နံပါတ်ပြား၊ ယာဉ်ပုံစံ၊ ယာဉ်မောင်းသူပုံစံတို့ကို မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
106
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.3k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
407

“အမြန်လမ်းပေါ်မှာ ကားတွေက သတ်မှတ်နှုန်းထက် ပိုမောင်းနေလို့ ကြပ်မတ်ဖို့ လိုလာတယ်။ ဒါကြောင့် အရှိန်တိုင်းတာမယ့် ကိရိယာကို တပ်ဆင်ပြီး လမ်းအသုံးပြုသူတွေ သတ်မှတ်ရှိန်ထက် ပိုမောင်းနှင်ရင် မှတ်တမ်းတင်မယ်၊ ပြီးတော့ အမြန်လမ်း ဥပဒေအရ အရေးယူမယ်” ဟု ရဲမှူးကြီး နေဝင်းက ဆိုသည်။

ယင်းကိရိယာ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ သောင်း ရှိကြောင်း၊ လတ်တလောတွင် ရန်ကုန်-မန္တလေး အမြန်မလမ်းမကြီးပေါ်၌ ၂ လုံး စတင် တပ်ဆင်မည်ဖြစ်ပြီး လုံခြုံရေးအရ ထားရှိမည့်နေရာကိုမှု ထုတ်ဖော်ပြောကြားထားမည် မဟုတ်ကြောင်း သိရသည်။

“မိုဘိုင်းရေဒါစနစ်နဲ့ လုပ်ထားတာကြောင့် လွဲမှားနိုင်ခြေက ၁ ရာခိုင်နှုန်းပဲရှိမယ်။ မှတ်တမ်းတင်ခံရတဲ့ကားက ငြင်းလို့ ဥပဒေကြောင်းအရ ပြောရဆိုရတာတွေ ရှိမယ်ဆိုရင်လည်း ကျနော်တို့က ရှင်းပေးမယ်” ဟု ယင်းကိရိယာအတွက် အရှေ့တောင်အာရှ တာဝန်ခံ မစ္စတာ ကူးမားရက်ရှ်က ပြောသည်။

အရှိန်ထိန်းတိုင်းကိရိယာသည် လမ်းမကြီးပေါ်တွင် ဖြတ်သန်းလာသော ယာဉ်တစီး၏ အရှိန်နှုန်းထားကို မိုဘိုင်းစနစ် GPS အရ ကား၏ ၂၂ ဒီဂရီအနေအထားမှ ဓာတ်ပုံမှတ်တမ်း တင်မည်ဖြစ်သည်။ ညဘက်တွင် မောင်းနှင်သောကားများကိုလည်း အလားတူနည်းဖြင့် မှတ်တမ်းတင်ကာ အရေးယူသွားမည်ဟု သိရသည်။

အဆိုပါ အရှိန်ထိန်းတိုင်းကိရိယာကို အမြန်လမ်းမကြီးနှင့်ဆိုင်သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့သို့ တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် အသုံးပြုသည်ဟု သိရှိရသည်။

ယင်းကိရိယာကို လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအပါအဝင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများအတွက် အလုံးရေ ၂၅၀၀ ကျော် အသုံးပြုလျက်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်တွင် အရက်သေစာသောက်စား မူးယစ်မောင်းနှင်မှုကိုလည်း အရက်မူးတိုင်း စက်ကိရိယာဖြင့် အသုံးပြုစစ်ဆေးမည်ဖြစ်သည်။

လက်ရှိတွင် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်များ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်နေခြင်းကြောင့် နေ့စဉ်ယာဉ်တိုက်မှု နှစ်မှုနီးပါး ပုံမှန်ဖြစ်နေကြောင်း ရဲမှူးကြီး နေဝင်းက ဆိုသည်။

အရှိန်ထိန်းတိုင်းစက် အလုပ်လုပ်ပုံ (ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)

လက်ရှိ အဓိကကားလမ်းမကြီးများ၏ မိုင်နှုန်းသတ်မှတ်ချက်မှာ အမှတ် ၃ လမ်းမကြီးပေါ်တွင် မိုင် ၆၀ နှုန်း၊ ပြည်လမ်းပေါ်တွင် မိုင် ၄၀ နှုန်း၊ ရန်ကုန် ပဲခူးလမ်းတွင် မိုင် ၆၀ နှုန်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ၃၉ မိုင်နှုန်းဖြစ်သည်။ ယင်းသို့ သတ်မှတ်ထားသော်လည်း မော်တော်ယာဉ်အများစုမှာ နေ့စဉ် သတ်မှတ်မိုင်နှုန်းထက် မိုင် ၂၀၊ ၃၀ ကျော် ပိုမိုမောင်းနှင်နေကြကြောင်း သိရသည်။

အဆိုပါလမ်းမကြီးများတွင် နေ့စဉ်ဖြတ်သန်းသွားလာနေသော ယာဉ်အစီးရေမှာ ပျှမ်းမျှ ၂၀၀၀ မှ ၃၀၀၀ ကြားရှိကြောင်း၊ မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုနှင့် ယာဉ်ပျက်စီးမှုများ မကြာခဏဖြစ်ပွားနေကြောင်း၊ ယခုနှစ် ဇွန်လမှ သြဂုတ်လကုန်အထိ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရသူ ၇၄ ဦး ရှိကြောင်းသိရသည်။

အမြန်လမ်းမကြီးများပေါ်တွင် လုံခြုံရေးအတွက် အမြန်လမ်းရဲစခန်း ၂၁ ခုကို ဖွင့်လှစ်ထားပြီး အသစ်နှစ်ခုကိုလည်း  ထပ်မံဖွင့်လှစ်မည်ဟု သိရရှိရသည်။

Your Thoughts …
Tags: MandalaySocietyYangon
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

by ဧရာဝတီ
23 July 2024
1.5k

စစ်ရှောင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးနေသလို အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် နေ့စဉ့် စားသောက်ရေးအတွက် အခက်အခဲများပါ ရင်ဆိုင်နေရသည့်အပြင် အချို့အိမ်ရှင်များက စစ်ရှောင် ငှားရမ်းနေထိုင်မှုကို လက်မခံကြကြောင်း

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
12 October 2024
1.2k

မန္တလေးတိုင်း၊ မတ္တရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေး အခြေအနေ ပြင်းထန်နေပါတယ်။

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

by ယဉ်မွန်
28 August 2024
1.1k

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခံစစ်ပြင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တွေမှာသွားရောက်ခဲ့ပါတယ်။

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
442

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဟာ အင်အားပြင်း ငလျင်ကြောင့် လူနေအဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ နံရံတံတိုင်းတွေနဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး ပြိုပျက်နေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ...

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

by ယဉ်မွန်
3 September 2024
435

မန္တလေးတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူက ဧရာဝတီကို အတည်ပြုပါတယ်။

Next Post
စွပ်စွဲပြစ်တင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံ

စွပ်စွဲပြစ်တင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံ

ချင်း ခရစ်ယာန်များ ဖိနှိပ်ခံနေရ

ချင်း ခရစ်ယာန်များ ဖိနှိပ်ခံနေရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate