NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ ယမန်နေ့က တွေ့ဆုံ ဆွေးနွေးကြကြောင်း သတင်း ရသည်။ တနာရီကျော်ကြာ တွေ့ဆုံရာ၌ တရား ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် လွှတ်တော် ကဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီ တွင် ဥက္ကဌ တာဝန်ယူထားသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ အဖွဲ့နှင့် ရန်ကုန်တိုင်းအတွင်းရှိ ဥပဒေ ဝန်ထမ်းများ လာမည့် စက်တင်ဘာ ၈ ရက်တွင် တွေ့ဆုံရန် ရှိကြောင်း RFA ရေဒီယို သတင်း၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။