မြန်မာ အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ပျက်ကွက်ကြောင်း ထိုင်း နိုင်ငံ ဒု ဝန်ကြီးချုပ် Chalerm Yubamrung က ပြောဆိုလိုက်သည်။ ဘန်ကောက်မြို့တွင် အမေရိကန် ဒေါ်လော ၃ သိန်း ခွဲခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းမိပြီးနောက် ယမန်နေ့က ယင်း သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထိုစိတ်ကြွဆေးများကို မြန်မာနိုင်ငံ အတွင်းမှ “ဝ” တိုင်းရင်းသား များက ထုတ်လုပ်နေခြင်း ဖြစ်သည်ဟု ထိုင်း ဒု ဝန်ကြီးချုပ်က ပြောဆိုကြောင်းလည်း AFP သတင်းတွင် ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။