ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)အနေဖြင့် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ဆွေးနွေးညှိနှိုင်းမှု လုံး၀ ပြုလုပ်ခြင်း မရှိကြောင်း ဒု ကာကွယ် ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က ပြောဆိုလိုက်သည်။ ယမန်နေ့က ကျင်းပသော အမျိုးသား လွှတ်တော်တွင် ကချင်ပြည် နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးခက်ထိန်နန် ၏ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာ မေးခွန်းနှင့် ပတ်သက်ပြီး ထိုသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်၍ ပြည်နယ်အဆင့် ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် ၃ ကြိမ်၊ အလွတ်သဘော ၄ ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အပြည့်အ၀ လိုလားကြောင်း၊ ၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်က သမ္မတ ၏ ခုခံရုံမှအပ တိုက်ခိုက်ခြင်း မပြုရန်နှင့် KIA တပ်စခန်းများကို ထိုးစစ်ဆင်ခြင်း မပြုရန် တပ်မတော် သို့ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။