အာဆီယံ ဒေသတွင်း၌ စရိတ်သက်သာစွာဖြင့် ပြေးဆွဲမည့် အစီအစဉ် အတွက် Bangkok Airways လေကြောင်းလိုင်းက မြန်မာနိုင်ငံ ကိုလည်း ထည့်သွင်း ရည်ရွယ်ထားကြောင်း သိရသည်။ ကမ္ဘောဒီးယား နှင့် လာအို နိုင်ငံကိုလည်း စိတ်ဝင်စားမှုရှိကြောင်း၊ အထူးသဖြင့် ပွင့်လင်းစပြုလာသည့် မြန်မာကို ပိုမို စိတ်ဝင်စားနေကြောင်း၊ လာမည့်နှစ်တွင် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် လာအို နိုင်ငံ ဗီယန်ကျင်းမြို့ကို ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း အစိတ်အပိုင်း တခုအနေဖြင့် မျှော်မှန်းချက် ဖြစ်ကြောင်း The Nation သတင်းစာ၌ ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။