NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ရက်တွင် အမေရိကန် နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သတင်း ရသည်။ အမေရိကန်ကွန်ဂရက် က ပေးအပ်သော ဒီမိုကရေစီ ရွှေတံဆိပ်ဆုကို လက်ခံရယူရန်ဖြစ်ကြောင်း AFP သတင်းက ဆို သည်။ ယင်း ဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ် ကာလအတွင်း ပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန် နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တချိန်တည်းတွင်ပင် သမ္မတ ဦးသိန်းစိန်သည်လည်း ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရန် အမေရိကန်သို့ သွားရောက်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။