မြန်မာပြည်တွင်း ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ရေနစ်မြုပ်မှုကြုံရသော ဒေသများမှ တောင်သူလယ်သမားများသည် ၎င်းတို့၏ ပျက် စီး ဆုံးရှုံး သွားသည့် ဆန်စပါးများ ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် သက်ဆိုင်ရာ အာဏာပိုင်များက တင်ကျန်နေသော ရေများ ပြန်လည်ကျဆင်းရန် ဆောင်ရွက်မှုများလည်း မပြုလုပ်ကြောင်း အယ်လ်ဂျာ ဇီးယား သတင်းဌာနက ဆိုသည်။ ရေကြီးရေလျှံ ဖြစ်ပွားသော ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် ရန်ကုန်တိုင်း စသည့် ဒေသများသို့ သမ္မတ ဦး သိန်းစိန် သြဂုတ် လကုန်ပိုင်းက သွားရောက်စဉ် မျိုးစပါးများနှင့် ငွေကြေးအကူအညီများ ပေးအပ်ခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ ဧရာဝတီ တိုင်း တခုတည်းတွင်ပင် လယ် ဧက ၂ သိန်း ကျော် ရေနစ်မြုပ်ခဲ့သည်ဟု ဆန်စပါး လုပ်ငန်း အသင်း က ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။