• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ မကြာမီသွားမည်

by လင်းသန့်
10 September 2012
in သတင်း
A A
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ မကြာမီသွားမည်

ပြီးခဲ့သည့် စနေနေ့က ရန်ကုန်မြို့တွင် ဥပဒေ ပညာရှင်များနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောနေသော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

3.8k
VIEWS
Share on FacebookShare on Twitter

အမေရိကန် နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံသား ရွှေတံဆိပ်ဆု လက်ခံရန်အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း ပထမဆုံး အမေရိကန် ခရီးစဉ်ကို လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို သူ့ အမိမြေ မြန်မာနိုင်ငံမှာ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဒီမိုကရေစီအရေးတွေ မြင့်မားအောင် လုပ်ဆောင်တာနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို တစိုက်မတ်မတ် ခိုင်မြဲစွာ ကြိုးစားမှု၊ ခေါင်းဆောင်မှုတွေအတွက် ဂုဏ်ပြုကြမှာဖြစ်ပါတယ်”ဟု အမေရိကန် အောက်လွှတ်တော် ပြောခွင့်ရသူ ဂျွန် ဘိုးနား က ပြောသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
2
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
766
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
218

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က ကက်ပီတယ်လ် လွှတ်တော် အဆောက်အအုံတွင် ယင်းဆုကို ဒေါ်အောင်ဆန်းစုကြည်အား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ချီးမြှင့်မည်ဖြစ်သည်။

အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိုဆု ချီးမြှင့်ရန် ၂၀၀၈ ခုနှစ် မေလ ၆ ရက်နေ့က ဥပဒေ ပြဌာန်း၍ ဆုံးဖြတ်ခဲ့သည်။

ဆုပေးပွဲ အခမ်းအနားကို အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံတွင် ပါတီ ၂ ခု ခေါင်းဆောင်များ ဖြစ်ကြ သည့် ဂျွန် ဘိုနား၊ အထက်လွှတ်တော် လူများစု ခေါင်းဆောင် ဟယ်ရီ ရိတ်ဒ် ၊ အထက်လွှတ်တော် ရီပတ်ဘလီကန် ပါတီ ခေါင်းဆောင် မစ်ချ် မက်ကောနဲ နှင့် အောက်လွှတ်တော် ဒီမိုကရက်ပါတီ ခေါင်းဆောင် နန်စီ ပီလိုစီ တို့က ဦးဆောင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထိုဆုလက်ခံယူရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် ထွက်ခွာမည့်ရက်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ က အတည်ပြုထားသည်။

“ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၆ ရက်နေ့ ထွက်မယ်”ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဆိုသည်။

သို့သော် ခရီးစဉ် အသေးစိပ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သတင်းများအဆိုအရ အမေရိကန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် အထက်လွှတ်တော် နှင့် အောက် လွတ်တော် ၂ ရပ်ပေါင်းတွင် မိန့်ခွန်းပြောရန် ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်လည်း မိန့်ခွန်းပြောရန် ရှိကြောင်း သိရသည်။ ထို့အပြင် အမေရိကန် နိုင်ငံ နယူးယောက်မြို့ စတော့ အိပ်ချိန်း ကိုလည်း ဖွင့်လှစ် ပေး မည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် သမ္မတ အိမ်ဖြူတော်ရှိ သမ္မတဟောင်း Franklin D. Roosevelt  အမည်ရှိ ခန်းမ ဆောင် တွင် အထူး ဧည့်သည်တော်အဖြစ် တည လာရောက်တည်းခိုရန် အမေရိကန် သမ္မတကတော် မစ္စ မီရှဲ အိုဘားမား က ဖိတ်ကြားထားကြောင်း၊ သမ္မတအိမ်တော်၏ အထူးညစာ စားပွဲသို့ တက်ရောက်ရန် နှင့် အဆိုပါ ညစာစားပွဲတွင် အမေရိကန် သမ္မတဟောင်း များဖြစ်ကြသည့် မစ္စတာ ဂျော့ချ် ဒဗလျူ ဘွတ်ရှ်နှင့် ဇနီး၊ မစ္စတာ ကလင်တန်နှင့် ဇနီး၊ အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီးဟောင်း မစ္စ မက်ဒရင်းအောလ် ဘရိုက်၊ မိုက်ခရိုဆော့ဖ် သူဌေးကြီး မစ္စတာ ဘီလ်ဂိတ်နှင့် ဇနီး စသူတို့ကလည်း တွေ့ ဆုံမည်ဖြစ်ကြောင်း သတင်းများ အဆိုအရ သိရသည်။

အမေရိကန် သမ္မတ အိမ်ဖြူတော်၏ အထူး ညစာစားပွဲတွင် သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖွယ်ရှိကြောင်း သိရသော် လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်သေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်အခြေစိုက် Asia Society and US Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့၌ အခြား ဆုများကို လက်ခံရန် ရှိကြောင်းလည်း သိရသည်။

အလားတူ အတ္တလန်တိတ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသား (Atlantic Global Citizen Award) ဆုကိုလည်း နယူးယောက် မြို့၌ စက်တင်ဘာလ ၂၁ ရက်နေ့တွင် လက်ခံရန် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ရရှိခဲ့သည့် ဆုများကို ကိုယ်တိုင်သွားရောက် မယူနိုင်ခဲ့ပေ။

ဒုတိယမြောက် ပြည်ပခရီးစဉ်အတွင်း နော်ဝေနိုင်ငံ၌ ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆုအတွက် ကိုယ်တိုင် သွားရောက် ၍ ဆုလက်ခံ ရရှိသည့် မိန့်ခွန်းပြောကြားခဲ့သည်။

ယခင်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် က လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သို့ လာရောက်ရန် ဖိတ်ကြားခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလက ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော် အမတ် တဦးဖြစ် လာခဲ့ရာ မြန်မာ့ နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲရေး ၏ ထင်ရှားသည့် အမှတ်အသားတခု ဖြစ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည်လည်း အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရန် ရှိသကဲ့သို့ အမေရိကန် ကလည်း ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုသည့် အနေဖြင့် ဖိတ်ခေါ်ထားရာ တချိန်တည်းမှာပင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့သည် အမေရိကန်တွင် ဆုံဆည်းရန်ရှိနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ဝါရှင်တန်အခြေစိုက် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး အဖွဲ့တခုဖြစ်သည့် (National Endowment for Democracy –NED) က မြန်မာ့အရေး လှုပ်ရှားသူ ၅ ဦးကို ပေးအပ်သည့် ဒီမိုကရေစီ ဆုပေးပွဲကိုလည်း တက်ရောက် မိန့်ခွန်းပြောရန် ရှိသည်။

NED က ပေးသည့် ဒီမိုကရေစီ ဆုရရှိသူများမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ နာရေး ကူညီမှု အသင်း(ရန်ကုန်) ဦးဆောင်သူ တဦးဖြစ်သည် ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ၊ ထိုင်း-မြန်မာနယ်စပ် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေသည့် မယ်တော် ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်၊ ဝါရှင်တန်အခြေစိုက် ၈၈ ကျောင်းသား ခေါင်းဆောင်တဦးလည်းဖြစ် US campaign for Burma ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် တို့ ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလှုပ်ရှားမှုကြီးရဲ့ တကယ့်မီးရှူးတန်ဆောင် ခေါင်းဆောင်တဦးဖြစ်တယ်။ သူ့အပြင် များစွာသော သူရဲကောင်းတွေ အနေနဲ့ကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတခုဖြစ်ဖို့ ရည်မှန်းချက်ပန်းတိုင်တွေ ထားရှိ ပြီး ယုံယုံကြည်ကြည်နဲ့ အားလုံးကို ပေးဆပ်စွန့်လွှတ်ကြတယ်။ ဒါကြောင့် ဒီဆုနဲ့ သူတို့ အားလုံးကို ဂုဏ်ပြု တာပါ”ဟု NED ဥက္ကဌ Carl Gershman က ဆိုသည်။

ထို့အပြင် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအများစုရှိကြသည့် Bay Area ၊ ဝါရှင်တန် ဒီစီ၊ နယူး ယောက်၊ ဖို့ဝိန်း၊ လော့စ် အိန်ဂျလိစ် စသည့်တို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံရန် ရှိလည်း ရှိသည်။

Your Thoughts …
Tags: Aung San Suu KyiRule of Law
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post

လယ်သိမ်းခံရ၍ ဆုတောင်း ဝတ်ပြုသူများကို ဖမ်းဆီးထိန်းသိမ်း

စာနယ်ဇင်း ကောင်စီသစ်ဖြင့် မီဒီယာဥပဒေ ရေးဆွဲမည်

စာနယ်ဇင်း ကောင်စီသစ်ဖြင့် မီဒီယာဥပဒေ ရေးဆွဲမည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate