မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီးတွင် ယနေ့နံနက်က ဆုတောင်းဝတ်ပြုသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်သိမ်းခံရသော လယ်သမား ၁၂ ဦးကို အာဏာပိုင်များက ထိန်းသိမ်းလိုက်သည်။ ထိန်းသိမ်း ခံရသူများတွင် လယ်သိမ်းခံ လယ်သမားများကို ကူညီသည့် မသွဲ့သွဲ့ဝင်း ဆိုသူလည်း ပါဝင်ကြောင်း သိရသည်။ ထိုသူများကို ပြန်လွှတ်ပေးရန် မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ဗကသ ကျောင်းသားများက ဦးဆောင် တောင်းဆိုညှိနှိုင်းမှုများ ပြုနေပြီး မုံရွာတဖက်ကမ်း ညောင်ပင်ကြီး ရွာတွင် လည်း ရာနှင့်ချီသော လယ်သမားများနှင့် ဒေသခံများက ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ လက်ပံတောင်းတောင် စီမံ ကိန်း ကို ရပ်ဆိုင်းရန် ဆန္ဒပြနေကြကြောင်း သတင်းရရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။