တရုတ်အာဏာပိုင်များက ကလေးလူငယ်များစွာ ပါဝင်သော ကချင် စစ်ပြေး ဒုက္ခသည် ၅၀၀၀ ခန့်ကို မြန်မာနိုင်ငံဘက် ပြန်ပို့လိုက် သည့် အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR)က အလွန်စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆို လိုက် သည်။ UNHCR ၏ စက်တင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်တွင် ပြန်ပို့ခံရသည့် ဒုက္ခသည်များထဲမှ ၃၄၀၀ ကျော်မှာ တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် ၎င်းတို့၏ အိုးအိမ်များတွင် ပြန်လည် နေထိုင်ရန် ကြောက်ရွံ့နေသည့်အတွက် ဒုက္ခသည် စခန်းများ၌ပင် နေ ထိုင်လျက်ရှိကြောင်း၊ စားရေရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း၊ ကချင်ပြည်နယ် တရုတ် နယ်စပ်မှ လွယ်ဂျယ် ဒုက္ခသည် စခန်း ၄ ခု ရှိ ပြန်ပို့ခံရသော ဒုက္ခသည် ၁၂၀၀ ခန့်ကိုလည်း ယခုလဆန်း က တာပေါ်လင်စ၊ စောင်၊ ခြင် ထောင်နှင့် မီးဖိုချောင်သုံး ပစ္စည်းများကို သွားရောက်ထောက်ပံ့ ပေးခဲ့သေးကြောင်းလည်း ပါရှိသည်။ ထိုသို့ ဒုက္ခသည်များကို စစ်မက် ဇုန် အတွင်းသို့ ပြန်လည်ပို့ဆောင်နေခြင်းနှင့် ပတ်သက်၍ အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့ကြောင်းလည်း UNHCR ထုတ်ပြန်ချက် က ဆို သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။