ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး လူသားချင်း စာနာထောက်ပံ့ရေး အခြေအနေသည် စိုးရိမ်စရာအလွန်ကောင်းနေဆဲဖြစ် ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်သည်။ ထို ဒေသရှိ လူအဖွဲ့အစည်း နှစ်ခုစလုံးသည်လည်း ကြီးမားစွာထိ ခိုက်မှုရှိနေကြောင်း၊ အရေးပေါ် လိုအပ်ချက်များကို လုပ်ဆောင်ရန် နှင့် ရေရှည်တည်တံ့ပြီး တရားမျှတမှု ရှိရှိ ဖြေရှင်း ဆောင်ရွက် ရန် လိုအပ်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့ က ရန်ကုန် အခြေစိုက် အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ မြန်မာ နိုငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ် မစ်ချဲလ်နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန အကြီးအကဲ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်နေ့အထိ ရခိုင်ဒေသသို့ သွားရောက် စုံစမ်းပြီးနောက် ယခုကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့သည် ယမန်နေ့က ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသည် ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။