ကုလသမဂ္ဂ ကိုယ်စားပြု သံတမန် Ufuk Gokcen ဦးဆောင်သည့် အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Organization of Islamic Cooperation (OIC)အဖွဲ့သည် တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်သို့ ရောက်ရှိကြောင်း သိရသည်။ ယင်း OIC အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ၊ နယ်စပ်ရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ဒုက္ခသည်စခန်းများသို့ သွားရောက် လှူဒါန်းမှုများလည်း ပြု လုပ်ကြောင်း အစိုးရအရာရှိတဦးကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။ ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး၍ အချက်အလက်များ စုဆောင်းရန်အတွက် လာရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။