သတင်းတို

ကြေးနီစီမံကိန်း ဆန့်ကျင်၍ ဖမ်းဆီးထားသူများ လွှတ်ရန် ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံထားရသည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း အပါအဝင် ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ရန်၊ အဆိုပါ စီမံကိန်းကို ရုပ်သိမ်းပေးရန်ဆိုသည့် ပိုစတာများ ကိုင်ဆောင်ထားသည့် လူ ၃၀၀ ခန့် မုံရွာမြို့ အမှတ်(၁) ရဲစခန်းရှေ့၌ ယနေ့ မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်နေကြောင်း သတင်းရသည်။ အဆိုပါ ဆန္ဒပြ သူ များကို လုံခြုံရေး တပ်ဖွဲ့များက ဝိုင်းထားသည်ဟု သိရသည်။

Loading