စစ်တွေ တက္ကသိုလ် ဆရာ၊ ဆရာမများ လစာ အဖြတ်ခံရ
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၈၀ ကျော်သည် မိမိတို့ ဒေသများသို့ ပြန်သွားသည့် အတွက် ၎င်းတို့၏ လစာကို ဖြတ်တောက်ခံလိုက်ရကြောင်း သိရသည်။ လစာဖြတ်တောက်ခံရမှု ကိစ္စကို ပြန် လည် စဉ်းစားပေးရန်အတွက် ရန်ကုန် တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်နှင့် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် တို့ ပါဝင်သော တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းက မေတ္တာရပ်ခံစာတစောင် ထုတ်ပြန်၍ နိုင်ငံတော် သမ္မတရုံး၊ ပညာရေး ဝန်ကြီးဌာန၊ လွှတော်ရေးရာ ဌာနများသို့ စက်တင်ဘာ ၁၁ ရက်နေ့က ပေးပို့လိုက်ကြောင်း ပေါ်ပြူလာ ဂျာနယ်၌ ဖော်ပြ ထားသည်။ ခရီးလမ်း အခြေအနေ၊ စရိတ် စကနှင့် မိသားစုအရေး စသည့် အခက်အခဲများ အပြင် ရခိုင်ဒေသတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့် တို့ကြောင့် လုံခြုံရေး စိုးရိမ်မှုများ စသည့် အခြေအနေများ အပေါ် မိသားစု သဘောထားဖြင့် ပြန်လည် သုံးသပ်ပေးရန် ကြေညာချက်၌ ပါဝင်ကြောင်းလည်း သိရသည်။