ကြေးမုံ သတင်းစာ ပြောင်းလဲလာ
This article has been converted from Zawgyi One to Unicode
အစိုးရထုတ် ကြေးမုံ သတင်းစာသည် ယခုရက်ပိုင်းအတွင်း အပြင်အဆင် ပြောင်းလဲ ထုတ်ဝေလာသည်။ ယခင် အဖြူအမည်းဖြင့် ထုတ်ဝေနေရာမှ ယခုအခါ တချို့စာမျက်နှာများတွင် အရောင်များ ၊ စာလုံးဒီဇိုင်းပုံစံ အသစ်များ နှင့် စာမျက်နှာ အထားအသို ဖွဲ့စည်းမှုများ ပြောင်းလဲလာသည်ကို တွေ့ရသည်။ အယ်ဒီတာ့အာဘော် အပါအဝင် သတင်း အကြောင်းအရာ ရွေးချယ် ရေးသား ပုံ များကိုမူ ယမန်နှစ်က စတင် ပြောင်းလဲခဲ့သည်။ ကြေးမုံ ကို ပြောင်းလဲမည်ဖြစ်ကြောင်း ၂၀၁၀ နှစ်ကုန်ပိုင်းတွင် တာဝန်ရှိသူများက ပြောဆိုထားသည်။ ကြေးမုံ သတင်းစာသည် ၁၉၅၇ နှစ်က စတင်ထုတ်ဝေခဲ့ရာ လက်ရှိ စောင်ရေ သိန်းချီ ရိုက်နှိပ် ရောင်းချနေ ရကြောင်း သိရသည်။ ကြေးမုံ ကို ကြေးမုံ ဦးသောင်း၊ ဦးဝင်းတင်၊ ဇဝန အစရှိသည့် သတင်းစာဆရာကြီးများက စတင် တည်ထောင် လုပ်ကိုင်ခဲ့ကြပြီး အရည်အသွေးရှိ သတင်းစာတစောင် ဖြစ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီး နောက် ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။ ထိုနောက်ပိုင်းမှ စ၍ ကြေးမုံ သတင်းစာမှာ အစိုးရသတင်း ဦစားပေး ဖော်ပြရသည့် သတင်း စာ၊ ဝါဒဖြန့် သတင်းစာ အဖြစ် အသုံးပြုခံခဲ့ရပြီး အရည်သွေးလည်း ကျဆင်းသွားသည်။