သတင်းတို

Western Union မြန်မာနှင့် ငွေလွှဲလုပ်ငန်း လုပ်မည်

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု လုပ်ငန်း အဓိက လုပ်ကိုင်သော အမေရိကန် အခြေစိုက် Western Union ကုမ္ပဏီက မြန်မာနိုင်ငံ ၌ ငွေကြေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ Myanmar Oriental Bank နှင့် ငွေလွှဲပြောင်းမှု လုပ်ငန်းအတွက် သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့က Western Union က ထုတ်ပြန် ကြေ ညာထားသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ စသည့် မြို့ ၁၉ မြို့တွင် စတင်လုပ်ကိုင်ရန် စီစဉ်ထားကြောင်းလည်း သိရ သည်။ နိုင်ငံတကာရှိ မြန်မာနိုင်ငံသားများ ကိုယ့် မိသားစုများထံ မြန်ဆန်စိတ်ချစွာ ငွေလွှဲပြောင်းနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

Loading