သတင်းတို

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပ

This article has been converted from Zawgyi One to Unicode

နေပြည်တော်၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ Myanmar Global Investment ဖိုရမ် ကို ယနေ့ စတင်၍ ၂ ရက်ကြာ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။ Euro Money အဖွဲ့မှ ဦးဆောင်ကျင်းပသော ယင်း ဖိုရမ်ကို သမ္မတ ဦးသိန်းစိန် တက်ရောက် ဖွင့်လှစ် သည်။ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ဒု ဝန်ကြီး ဦးထင်အောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ် မစ်ချဲလ် တို့ အပါအဝင် ပြည်တွင်း ပြည်ပမှ ပညာရှင်များက စွမ်းအင် ကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု၊ လမ်းပန်း ဆက်သွယ် ရေး၊ စိုက်ပျိုးရေး ကဏ္ဍ ဆိုင်ရာ အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း Euro Money က ထုတ်ပြန် ထားသည်။

Loading