သတင်းတို
သမ္မတ ဦးသိန်းစိန် တရုတ်နှင့် အမေရိကန်သို့ သွားမည်
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ လာမည့် စက်တင်ဘာ ၁၈ ရက်တွင် သွားရောက်မည် ဖြစ်ပြီး အမေရိကန်သို့ စက်တင်ဘာ ၂၃ တွင် သွားရောက်ဖွယ်ရှိကြောင်း သတင်းရသည်။ တရုတ် ခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်း ကုန်စည်ပြပွဲသို့ တက်ရောက်ရန် သွား ရောက်သည့် ခရီးစဉ် ဖြစ်ပြီး အမေရိကန် ခရီးစဉ်မှာ နယူးယောက်မြို့တွင် ကျင်းပမည့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း Eleven media group ဖေ့စ်ဘုတ် တွင် ဖော်ပြထားသည်။