• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှား သင်ခန်းစာ မြန်မာကို ဝေငှ

by ဧရာဝတီ
12 September 2012
in သတင်း
A A
ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှား သင်ခန်းစာ မြန်မာကို ဝေငှ

ယူစွပ်ဖ် ကယ်လာ (ရှေ့တန်း ဝဲ) သည် လူသားဆိုင်ရာ အထောက်အကူ ပြုရေးသာမက တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း တက်ကြွစွာ ဆောင်ရွက်သူ ဖြစ်သည် (ဓာတ်ပုံ- Reuters)

3.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပဋိပက္ခများ ဖြေရှင်းရေးတွင် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး အင်ဒိုနီးရှား၏ အတွေ့အကြုံများ ဝေငှဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှား ဒု သမ္မတဟောင်း ယူစွပ်ဖ် ကယ်လာ နေပြည်တော်သို့ စက်တင်ဘာလ ၁၀ ရက်နေ့က သွားရောက်ခဲ့သည်။

ခရီးစဉ်အတွင်း အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဌ ဖြစ်သူ ယူစွပ်ဖ် ကယ်လာသည် မြန်မာကြက်ခြေနီအသင်း ဥက္ကဌ ဦးသာလှရွှေနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည် ပြန်လည်ထူထောင်ရေး ရေတို၊ ရေရှည်စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
18
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
142
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
2k

အင်ဒိုနီးရှား ကြက်ခြေနီအသင်း အနေဖြင့် ဘက်မလိုက်သော ချဉ်းကပ်မှုများ၊ ထောက်ပံ့ကူညီမှုများပြုလုပ်မည်ဖြစ်ပြီး အင်ဒိုနီးရှားတွင် တွေ့ကြုံခဲ့ဖူးသော ပဋိပက္ခများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရသည်ကို မျှဝေသွားရန်ရှိကြောင်းလည်း ဆိုသည်။

အင်ဒိုနီးရှား အာဏာရှင်ဆူဟာတိုအုပ်ချုပ်ရေး တစခန်းရပ်ပြီး အပြောင်းအလဲကာလတွင် ဆူလာဝေဆီခရိုင် ပိုဆိုဒေသတွင် ခရစ်ယာန်နှင့် မူဆလင်များ သတ်ဖြတ်ကြရာ လူ ၅၀၀၀ ခန့် သေကြေပျက်ဆီးပြီး အစိုးရက ဖြေရှင်းခဲ့ရခြင်းကို ထောက်ပြပြီး ယူစွပ်ကယ်လာက ဘာသာရေး၊ လူမျိုးရေးမခွဲခြားဘဲ လူသားဆန်မှု၊ ဘက်မလိုက်မှု၊ ဓမ္မဒိဌာန်ကျမှုတို့ကြောင့်သာ တရားဥပဒေ စိုးမိုးမှု၊ တရားမျှတရေး၊ ရေရှည် လူမှုရေးသဟဇာတဖြစ်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်ကဲ့သို့ စစ်ရေးအရ တင်းမာနေသော တိုင်းရင်းသားဒေသများကို ရည်ရွယ်၍ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ပဋိပက္ခတွင် ငြိမ်းချမ်းစွာ အဖြေရှာမှုနှင့်ပတ်သက်ပြီး ရရှိခဲ့သည့် အတွေ့အကြုံများကို မြန်မာနိုင်ငံအား မျှဝေပေးရေးအတွက် ဆွေးနွေးညှိနှိုင်းကြောင်း ဂျာကာတာပို့စ် သတင်းစာက ဆိုသည်။

“လက်နက်ကိုင်သူပုန်တွေနဲ့ ဆွေးနွေးရာမှာ အရေးအကြီးဆုံးက အတိတ်က ဖြစ်ခဲ့တာတွေ ကို ထားခဲ့ပြီး အနာဂတ်အတွက် စကားစပြောဖို့ ကျနော်တို့ မြန်မာအစိုးရကို ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုဟာ အနာဂတ်ကို တည်ဆောက်ဖို့ပါ။ အတိတ်အတွက် မဟုတ်ဘူး” ဟု ယူစွပ်ဖ် ကယ်လာက ဂျာကာတာပို့စ် သတင်းစာကို ပြောသည်။

မြန်မာနိုင်ငံက လူနည်းစု အုပ်စုများ ကြားတွင် မတရားမှုနှင့် ပတ်သက်သည့် ပြဿနာများကို မြန်မာအစိုးရက ထုတ် ဖော်ပြသရန်လိုအပ်ကြောင်းနှင့် သို့မှာသာ ငြိမ်းချမ်းရေး စကားပြောဆိုမှုသည် အောင်မြင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။ ပဋိပက္ခလွန် ပြန်ထူထောင်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှု၊ လူမှု စီးပွားရေး ဖွံ့ဖြိုးမှုများ လိုအပ်သည်ဟု ယူစွပ်ဖ် ကယ်လာက ထောက်ပြပြောဆိုသည်။

ယူစွပ်ဖ် ကယ်လာသည် ဖင်လန်နိုင်ငံ ဟယ်ဆင်ကီးမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အာချေးလွတ်မြောက်ရေး လှုပ်ရှား မှု အဖွဲ့ GAM နှင့် ယခင် အင်ဒိုနီးရှား စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Endriartono Sutarto တို့အကြား စေ့စပ် ညှိနှိုင်း ရေး အဖွဲ့ကို ဦးဆောင်ခဲ့သူ ယခင် ဥပဒေ ရေးရာနှင့် လူ့ အခွင့်အရေး ဝန်ကြီး ဟာမစ် အဝါလူဒင်တို့နှင့် ပူးပေါင်းဆောင် ရွက်ခဲ့သူလည်းဖြစ်သည်။

နှစ်ပေါင်း ၃၀ ကျော်ကြာ အာချေးပြည်နယ်က အကြမ်းဖက် တိုက်ခိုက်နေမှုများ ပြီးဆုံးစေခဲ့သည့် ၂၀၀၅ ခုနှစ် သြဂုတ် လ က ဟယ်ဆင်ကီ ငြိမ်းချမ်းရေး သဘောတူညီမှုကို ဖော်ဆောင်နိုင်မှုကြောင့် ယူစွပ်ဖ် ကယ်လာ နာမည်ကောင်းရခဲ့သည်။ သမ္မတ မေဂါဝတီလက်အောက်တွင် လူမှုဖူလုံရေး ညှိနှိုင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် တာဝန်ယူနေချိန်တွင် အာချေးဒေသ စေ့စပ်ရေးအတွက်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။

အာချေး ပြည်နယ် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၁ သောင်း ၅ ထောင်ထဲ မနည်း သေဆုံးခဲ့ရသည်။

နေပြည်တော် ဆွေးနွေးဝိုင်းသို့ တက်ရောက်ရန် ဂျနီဗာ အခြေစိုက် လူသားဆိုင်ရာ ဆွေးနွေးခြင်း စင်တာ Center for Humanitarian Dialogue မှ ယူစွပ်ဖ် ကယ်လာကို အင်ဒိုနီးရှား ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခဲ့သလို ဖိလစ်ပိုင် မင်ဒါနာအို တောင်ပိုင်းပြည်နယ်က သူပုန်များနှင့် စကားပြောဆိုရာတွင် ရရှိသော အတွေ့အကြုံကို တင်ပြဆွေးနွေးရန် ဖိလစ်ပိုင် အစိုးရကိုယ်စားလှယ်တဖွဲ့လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာဘက်မှ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဦးဆောင်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရပြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများကို ဖော်ဆောင်လာခြင်းသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အဓိကရည်မှန်းချက် တခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိရာ လွန်ခဲ့သည့် နှစ်ပိုင်းက အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ် အခတ် ရပ်ဆဲရေး သဘောတူညီမှုများ ရရှိခဲ့သည်။ သို့သော် ကချင်လွတ်မြောက်ရေး အဖွဲ့ဖြစ်သည့် KIO နှင့် မူ ယခုထိ သဘောတူညီမှု မရသေးပေ။

သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းကလည်း အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာသင်ခန်းစာယူနေကြောင်း၊ မြန်မာ အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာ၏ အထောက်အပံ့ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်းလည်း ပြောသည်ဟု ဂျကာတာပို့စ်က ဆိုသည်။

Your Thoughts …
Tags: Kachin StateRakhine State
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

by သန်းထိုက်ဦး
19 September 2012
5.2k

“လောလောဆယ်ကတော့ ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ရှိပါတယ်”

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

Next Post
NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တရားရင်ဆိုင်မှု အနိုင်ရရှိ

NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တရားရင်ဆိုင်မှု အနိုင်ရရှိ

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့အရာ

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့အရာ

Please login to join discussion
No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate