သတင်းတို

MRTV 4 သရုပ်ဆောင်ကို လူသတ်မှုနဲ့ တရားစွဲ

This article has been converted from Zawgyi One to Unicode

MRTV 4 သတင်းဌာန၏ ရုပ်သံစီးရီး သရုပ်ဆောင်ရွေးချယ်ခံထားရသူ မမေဇွန်(ခ) မျိုးဇာနည် ဇွန် ၂၁ နှစ်ကို အိမ်ဖော်ဖြစ်သူ မနုနု လွင် သေဆုံးမှုနှင့် ပတ်သက်ပြီး လူသတ်မှု ပုဒ်မ ၃၀၂ ၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ တို့ဖြင့် ကမာရွတ်မြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ များတွင် ရေးသားထားသည်။ ဖြစ်ပွားပုံမှာ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က အိမ်ရှင်ဖြစ်သူ မမေဇွန်သည် မနုနုလွင်အား တက်နင်းခိုင်းရာမှ အဆင်မပြေသဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး အိမ်တံခါးပိတ်ကာ ခရီးထွက်သွားရာမှ ပြန်အလာတွင် မနုနုလွင်သေဆုံးနေသည်ကို တွေ့ရကြောင်း သတင်းများက ဆိုသည်။

Loading