သတင်းတို

တရုတ် ကွန်ဂရက် အကြီးအကဲ မြန်မာပြည် ခရီး စတင်

This article has been converted from Zawgyi One to Unicode

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်း ကော်မတီဥက္ကဋ္ဌ မစ္စတာ ဝူဘန်းကိုနှင့် ဇနီးတို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ် စတင်နေပြီဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ယခင် ကျင့်သုံးခဲ့သည့် အစိုးရချင်း ဆက်ဆံရေးမှသည် နိုင်ငံရေးပါတီများနှင့် ပြည်သူချင်း ဆက်ဆံရေး များပါ အလေးထားလုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ကြိုတင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံ တကာ ရေးရာဌာန ဒုတိယ အကြီးအကဲ မစ္စတာ အိုင်ပင်း(Mr. Ai Ping) နှင့် အဖွဲ့က ပြောကြားထားသည်။

Loading