သတင်းတို
OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်
This article has been converted from Zawgyi One to Unicode
အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ ရုံးတစ်ရုံး မြန်မာပြည်တွင် ဖွင့်လှစ်ရန် မြန်မာအစိုးရနှင့် သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကူဝိတ်နိုင်ငံရှိ OIC အထွေထွေ အတွင်းရေးမှူးရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်ရှိ မူဆလင်များအရေး OIC အတွင်းရေးမှူးချုပ်က အချက်အလက် ရှာဖွေရေး အဖွဲ့တဖွဲ့ကို မကြာသေးခင်က စေလွှတ်ခဲ့ပြီးနောက် ယင်းသဘောတူညီချက်ကို အင်္ဂါနေ့က လက်မှတ်ရေးထိုးခြင်းဖြစ်သည်။ OIC အတွင်းရေးမှူးချုပ်လည်း မြန်မာနိုင်ငံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး ခရီးစဉ်အတွက် မြန်မာအစိုးရနှင့် ဆွေးနွေးနေကြောင်း သိရသည်။