သတင်းတို
၀န်ကြီးဌာန စီမံကိန်းတချို့ နိုင်ငံခြားဘဏ်များ မှ ငွေချေးမည်
This article has been converted from Zawgyi One to Unicode
အစိုးရ ဝန်ကြီးဌာနတချို့၏ တည်ဆောက်ဆဲ စီမံကိန်းများအတွက် နိုင်ငံခြား ဘဏ်များမှ ငွေချေးမည် ဖြစ်ကြောင်း သိရသည်။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဌာန၊ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန နှင့် စွမ်းအင် ဝန်ကြီးဌာန များ၏ တည်ဆောက်ဆဲ စီမံကိန်းများအတွက် တရုတ်၊ အိန္ဒိယ နှင့် ဂျပန် နိုင်ငံ ဘဏ်များမှ ဒေါ်လာ သန်း နှင့် ချီ၍ ချေးယူသုံးစွဲရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။