ရှစ်လေးလုံးကာလ ကျောင်းသား ခေါင်းဆောင်၊ လူ့ဘောင်သစ်ပါတီ ဥက္ကဌဟောင်း၊ ABSDF ဥက္ကဌ ဟောင်း ကိုမိုးသီးဇွန်နှင့် အဖွဲ့သည် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်နှင့်တွေ့ဆုံ၍ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင် ယမန်နေ့က ဆွေးနွေးကြောင်း သတင်းရရှိသည်။ ကိုမိုးသီးဇွန် အနေဖြင့် လေ့လာတွေ့ရှိချက်များကို အမေရိကန်ကို ပြန်လည်ရောက်ရှိသည့်အခါ မျှဝေသွားရန် သံအမတ်က တိုက် တွန်းကြောင်း၊ ကိုမိုးသီးဇွန်နှင့် အဖွဲ့ကလည်း အမေရိကန် အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးများအတွက် အရှိန်မြှင့် ကူညီပေးမှုများ လုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း သိရသည်။ ကိုမိုးသီးဇွန်သည် အမေရိကန်နိုင်ငံသား ခံယူ ထားသူ လည်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။