သတင်းတို
ကျောက်တော် ဈာပန ဒေသခံ နှစ်သောင်းကျော် တက်ရောက်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ (အသက် ၆၄ နှစ်) ၏ ဈာပန အခမ်းအနားကို ကျောက်တော်မြို့၌ ယမန်နေ့က ကျင်းပရာ ဒေသခံ ပြည်သူ နှစ်သောင်း ကျော် တက်ရောက်ကြောင်း သိရသည်။ ဦးကျော်မောင်ချေသည် စက်တင်ဘာ ၁၁ ရက် ညနေတွင် မြို့ပေါ်မှ ၄ မိုင်ခန့်ဝေးသည့် နေထိုင်ရာကျေးရွာသို့ တဦးတည်း ပြန်လာစဉ် လမ်းတွင် သတ်ဖြတ် ခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောက်တော်မြို့၌ ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း၊ တချို့သော နေ ရာများတွင် စစ်တပ်၊ လုံထိန်းတပ်ဖွဲ့တို့က လုံခြုံရေး ယူထားသော် လည်း လူသတ်မှု ကျူးလွန်ခြင်း၊ လုယက်မှု၊ ခိုးမှု စသည့်တို့ ဖြစ် ပေါ်နေသည့်အတွက် စိုးရိမ် ထိတ်လန့်နေကြကြောင်းလည်း ဒေသ ခံ များ က ပြောသည်။