ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေ နမ်ဘီယာ နှင့် သမ္မတ ဦးသိန်းစိန် ယမန်နေ့က နေပြည်တော် တွင်တွေ့ဆုံသည်။ တွေ့ဆုံရာတွင် မြန်မာနှင့် ကုလသမဂ္ဂ ပိုမို ပူးပေါင်း ဆောင်ရွက်မှု၊ ကုလ သမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် ဆိုင်ရာများ၊ ဒီမိုကရေစီ ရှင်သန်ရေးအတွက် တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာများ အပြင် ရခိုင်ပြည်နယ် အရေးကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။