ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁၂၀၀၀၀ ခန့်သည် တနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြန်ရဖွယ် ရှိကြောင်း သိရသည်။ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အတွက် မြေမြှုပ်မိုင်းများ ရှင်းလင်းခြင်း၊ နေရာ ထိုင်ခင်းများ ပြင်ဆင်ခြင်း၊ အဆောက် အအုံများ တည်ဆောက်ခြင်း တို့ကို မြန်မာ အစိုးရက ပြုလုပ်လျက် ရှိသည်ဟု ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ အထွေထွေ အတွင်းရေးမှူး Wichean Potephosree က ယမန်နေ့တွင် ပြောကြားကြောင်း AFP သတင်း၌ ဖော်ပြထားသည်။ ယင်း ဒုက္ခသည်များမှာ စစ်ပွဲများကြောင့် ထွက်ပြေးလာရသော ရှမ်း နှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြောင်း၊ ဒုက္ခသည်များ အတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး လုပ်ငန်းခွင် ဝင်နိုင်ရန် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ပေးမည် ဖြစ်သည်ဟု ပြီးခဲ့သည့် အပတ် အတွင်း နေပြည်တော်၌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့စဉ် ပြောဆို လိုက်ကြောင်းလည်း သတင်းတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။