• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်ပံတောင်း အရေး ဖမ်းဆီးထားသူများ ခံဝန်ကတိဖြင့် ပြန်လွှတ်

by လင်းသန့်
14 September 2012
in သတင်း
A A
လက်ပံတောင်း အရေး ဖမ်းဆီးထားသူများ ခံဝန်ကတိဖြင့် ပြန်လွှတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

3.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာသိမ်းထားမှုကြောင့် ဝတ်ပြု ဆုတောင်း၍ ဖမ်းဆီးခံထားသူ ၄ ဦးကို ခံဝန်ကတိဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရဝန်ကြီးချုပ်က ယနေ့ညနေပိုင်းက ပြန် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

“အခု မုံရွာအကျဉ်းထောင်က မသွဲ့သွဲ့ဝင်းတို့ အားလုံး ပြန်လွတ်လာပါပြီ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင် မီ က ဧရာဝတီကို ပြောသည်။

RelatedPosts

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

14 June 2025
0
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
492
တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

14 June 2025
31

လွတ်မြောက်လာသူများထဲက မသွဲ့သွဲ့ဝင်းကလည်း ဝမ်းမြောက်ကြောင်း ဧရာဝတီသို့ တယ်လီဖုန်းဖြင့် ဖြေကြားသည်။

“အခုလို လွတ်မြောက်လာတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်ရှင်။ ကျမ အတိုင်းမသိ ဝမ်းသာပါတယ်။ အစစ အရာရာ ကျမတို့ လွတ်မြောက်အောင် လုပ်ပေးတဲ့ သူတွေအားလုံးလည်း ကျမ ကျေးဇူးတင်ပါတယ်”ဟု မသွဲ့သွဲ့ဝင်းက ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီကျော်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီ ပါဝင်သည့် အဖွဲ့တို့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးသာအေးနှင့် ဆွေးနွေးညှိနှိုင်းမှုများအပြီး ယခုကဲ့သို့ ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်နဲ့ မနက်က တွေ့တယ်။ အန်တီတို့ တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သူက အန်တီတို့ကို အမြန်ဆုံး သတင်းကောင်း ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်၊ ခံဝန်နဲ့ ခဏနေရင် ပြန်လွှတ်မယ်လို့ ရဲမှူးက အန်တီ့ကို အကြောင်းကြားလာပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောပြသည်။

ပြန်လွှွတ်ပေးသည့်အခါ လုံးဝကင်းကင်းရှင်းရှင်း ပြန်လွှတ်ပေးစေလိုကြောင်း ပြောခဲ့သော်လည်း ခံဝန်နှင့် ဖြစ်သည့်အတွက် အပြည့်အ၀ စိတ်မချမ်းသာနိုင်ကြောင်း၊ တဖက်ကလည်း တိုင်းဒေသကြီး အစိုးရက ပြဿနာကို ပို၍ မကြီးထွားစေရေး အကောင်းဆုံး ဆုံးဖြတ်ပေးမည်ဟု ပြောခဲ့ကြောင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ပြီး နာရီပိုင်းအကြာတွင် ဒေါ်အောင်ဆန်းစုကြည် က လည်း ဖုန်းဆက်၍ အခြေအနေ အကျိုးအကြောင်း မေးမြန်းလာကြောင်း သူက ဆက်ပြောသည်။

စက်တင်ဘာ ၁၀ ရက်နေ့က မုံရွာမြို့သို့ သွားရောက်ဝတ်ပြု ဆုတောင်းသူများထဲမှ ၁၂ ဦးကိုထိန်းသိမ်းခဲ့ပြီး ၉ ဦးကို နေ့တွင်း ချင်း ပြန်လွှတ်ခဲ့သော်လည်း ဝက်မှေးရွာသူ ၃ ဦး ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူဝင်းတို့ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။

ထိုဒေသခံရွာသားများကို ကူညီပေးနေသည့် ကိုဝေဠု ကိုလည်း သြဂုတ် လကုန်ပိုင်းကဖမ်းဆီးခဲ့ရာ ၎င်းတို့အားလုံးကို ပြန် လွှတ် ပေးရေးအတွက် မုံရွာမြို့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့က ဆွေးနွေးညှိနှိုင်းမှု ရလာဒ်အရ ဆန္ဒပြမှုတွင် ပါဝင်သည့် ဒေသခံရွာသူ ရွာသားများ နှင့် ကျောင်းသားများကို ဆက် လက်ဖမ်းဆီးမှု မလုပ်တော့ဘဲ အေးချမ်းလုံခြုံစွာ နေနိုင်ကြောင်းနှင့် လုံခြုံရေး တင်းကျပ် ထားမှုများကို လျှော့ချ ခဲ့ကြောင်း၊ ဒေသခံများဘက်ကလည်း ဆန္ဒပြမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။

ဒေသခံများ၏ ဆန္ဒမှာ ၎င်းတို့၏ သိမ်းဆီးခံ လယ်ယာမြေများပြန်ရရေး၊ ကြေးစင်တောင်ကို နမူနာယူကာ သဘာ၀ ပတ် ဝန်းကျင် ပျက်စီးမည့် အရေး၊ ဘဝတသက်တာ စားဝတ်နေရေးတို့ကို ထောက်ပြပြီး ကြေးနီ စီမံကိန်းကို လုံး၀ ရပ်တန့် သွားစေလိုသည်ကိုလည်း တိုင်းဒေသကြီး အစိုးရကို ယနေ့ နံနက်က တင်ပြခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ဆွေးနွေးမှုတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦး သောင်းစိန်၊ တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်တို့လည်း ပါဝင်ပြီး စီမံကိန်းရပ်တန့်ရေး ကိစ္စသည် ပြည်ထောင် စု အစိုးရ အဆင့်သာ ဖြေရှင်းပေးနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုကြောင်း သိရသည်။

“စီမံကိန်းကိစ္စ၊ မြေယာ သိမ်းမှုနဲ့ လျော်ကြေးကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့က တိုင်းဒေသကြီး အဆင့်မှာဘဲ ရှိတဲ့အတွက် ဒီ ကိစ္စဟာ ပြည်ထောင်စု အစိုးရက ဖြေရှင်းရမယ့် ကိစ္စမျိုးဖြစ်တာကြောင့် သူတို့ အဆင့်နဲ့ ရှင်းလို့ မရနိုင်ဘူး၊ ဒါကြောင့် ပြည် ထောင်စု အစိုးရနဲ့ ရှင်းမှဘဲ အလုပ်ဖြစ်မယ့် သဘော ပြောပါတယ်”ဟု ကိုဂျင်မီက ပြောဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးထားသူများ ပြန်လည် လွတ်မြောက်လာသော်လည်း စီမံကိန်းကို ရပ်တန့်ခြင်း မရှိသေးပေ။

စက်တင်ဘာ ၁၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ ၂၆ ရွာကို ကိုယ်စားပြုသော ရွာသူရွာသားများက ဆည်တဲရွာတွင် လူထုအစည်းအဝေးလုပ်ကာ လျော်ကြေးပေးရေးထက် ထိခိုက်နစ် နာမှုများ ဖြစ် လာမည်ကို စိုးရိမ်သည့်အတွက် ယင်းစီမံကိန်းအား လုံး၀ ရပ်ဆိုင်းပေးရန် တောင်းဆိုသည့် ကြေညာချက် တစောင်ကို ထုတ်ပြန်ထားသည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့အောင်မြေအား ဖျက်ဆီး နေခြင်း၊ လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ် နိုင်ခြင်းတို့ကြောင့် ကြေးနီစီမံကိန်း လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရန်နှင့် လက်ပံတောင်းတောင်ရှိ ကျေးရွာပေါင်း ၂၆ ရွာကိုယ်စား ရွာ ၁၂ ရွာ မှ လူအင်အား ၃၂၀ တို့ဟာ တဦးချင်းသဘောထက် နိုင်ငံတော် လူထု အကျိုးစီးပွားကို ရှေးရှုပြီး မိမိတို့ ဆန္ဒကို အသိပေးအပ်ပါကြောင်း”ဟု ကြေညာချက်က ဆိုသည်။

မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတဝိုက်၌ ကုမ္ပဏီဘက်မှ လုံခြုံရေးများ လာရောက်ချထားရာမှ ဒေသခံများနှင့် တင်းမာမှု စတင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဝက်မှေး၊ ဆည်တဲ၊ တုံတောကျောင်း၊ ဇီးတော ရွာများ ဝန်းကျင်က မြေများကို ကုမ္ပဏီဘက်က ဘူဒိုဇာများနှင့် ထပ်ထိုးသည့်အတွက် စီမံကိန်းပြန်မလုပ်ရန် ရွာသားများက ကားများ ရှေ့တွင် ကာ၍ တားမြစ်ခဲ့ကြပြီး လယ်သိမ်း တိုက်ပွဲများ ဖော်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။

Your Thoughts …
Tags: LandLand ConfiscationProtest
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဘင်္ဂလားဒေ့ရှ်, ရခိုင်တိုင်းရင်းသား, အုပ်စုလိုက် ဝင်ရောက်, မောင်တော, ရခိုင်ပြည်နယ်, မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ဝင်ရောက်လာနေ

by စနေလင်း
6 February 2014
14.1k

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။

အာဏာရှင်, မြန်မာ့တပ်မတော်, ထောက်လှမ်းရေး, ဒေါ်ကြိုင်ကြိုင်, နေဝင်း, သန်းရွှေ

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ – ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

by အောင်ဇော်
6 February 2014
17k

သူ့ရဲ့ခင်ပွန်းဟာ တနေ့ကျရင် မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ်လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ ပထမပိုင်းတော့ ဒေါ်ကြိုင်ကြိုင် ဒီဟောကိန်းကို မယုံဘူး။ သူများတွေသိသွားရင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမှာကိုလည်းစိုးရိမ်တယ်။

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

by သန့်စင်ငြိမ်းချမ်း
1 April 2013
4.4k

၈ လကြာသည် အထိ လယ်သမားများ လက်ဝယ် မရောက်ရှိသေးသည့် အတွက် မိုးစပါး စိုက်ပျိုးချိန်အမီ လယ်သမားများကို ပြန်လည်ပေးအပ်ရန် သာပေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းက အဆိုတင်သွင်းခဲ့

ထားဝယ်မှာ မြေယာအငြင်းပွားမှု များပြား

ထားဝယ်မှာ မြေယာအငြင်းပွားမှု များပြား

by ထက်နိုင်ဇော်
10 December 2013
3.7k

မြေယာ သိမ်းဆည်းမှု များတွင် အများဆုံးပါဝင် ပတ်သက်နေသော "ထားဝယ် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီ"မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် အလွန်နီးစပ်မှု ရှိသည်ဟု ဒေသခံများက ယုံကြည်နေကြသည်။

တပ်သိမ်းမြေ , ဧက ၁၆၀၀ ကျော် , မူလမြေ ပိုင်ရှင်များ , ဧရာဝတီတိုင်း ဒေသကြီး , အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) , လျှပ်စစ်နှင့် အင်ဂျင်နီယာ တပ်ရင်း (လစရ - ၁၀)

တပ်သိမ်းမြေ ဧက ၁၆၀၀ ကျော် မူလပိုင်ရှင်များထံ ပြန်ပေး

by ဆလိုင်းသန့်စင်
27 February 2014
4.6k

ကျနော်တို့ အနေနဲ့ အခုချိန်ကတည်းက မြေတွေ ပြန်ပေးတယ် ဆိုတာက လာမယ့် မိုးရာသီ စိုက်ပျိုးချိန်အမီ လယ်သမားတွေ လက်ထဲကို လယ်တွေ ပြန်ရပြီး အချိန်မီ စပါးစိုက်ပျိုး နိုင်စေဖို့ အတွက် ရည်ရွယ် ပါတယ်

Next Post
စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး

စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
4.4k

Most Read

  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate