တရုတ်အမျိုးသား ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ မစ္စတာ ဝူဘန်းကို နှင့် သမ္မတ ဦးသိန်းစိန်တို့ စက်တင်ဘာ ၁၄ ရက်က ဘီလူးချောင်း ရေအားလျှပ်စစ်နှင့် သူဌေး ရေအား လျှပ်စစ် စီမံကိန်းများအတွက် ချေးငွေ ဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုး သည်။ ၂၀၁၃ ခုတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အထောက်အပံ့၊ ဆေးပညာနှင့် ပညာရေး ကဏ္ဍများအတွက် အကူအညီပေးရေး နားလည်မှု စာချွန်လွှာ စသည်တို့ကို လက်မှတ်ထိုးခြင်းများလည်း ပါဝင်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။ မစ္စတာ ဝူဘန်းကို နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၂ ရက်က ၁၆ ရက်အထိ လာ ရောက် ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။