ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လာမည့် သီတင်းပတ်အတွင်း ကျင်းပမည်ဖြစ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်မည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက် ကြောင်း သတင်းရသည်။ ယင်း အစီအစဉ်ကို သမ္မတ အကြံပေးအဖွဲ့က ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ဦးခွန်ထွန်းဦးက လက်ခံခဲ့ကြောင်း၊ ဦးခွန်ထွန်းဦး စက်တင်ဘာ ၁၄ ရက် အမေရိကန်သို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း RFA ရေဒီယို သတင်း၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။