ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် မူဝါဒ ၆ ချက်ပါဝင်သော လမ်းပြမြေပုံတခုကို ထိုင်းနိုင်ငံ၌ ကျင်းပသည့် တိုင်းရင်းသား ညီလာခံက ချမှတ်လိုက်ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်ကစတင်၍ ၃ ရက်ကြာ ကျင်းပသောညီလာခံမှ ချမှတ်ခဲ့သည့်မူဝါဒများတွင် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာရေး၊ ပင်လုံကဲ့သို့ ညီလာခံတခု ပေါ်ပေါက်ရေး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို အစိုးရက တရားဝင်ကြေညာပေးရေး စသည်တို့ ပါဝင်ကြောင်း ညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူ ချင်း အမျိုးသား တပ်ဦး(CNF)မှ ဒေါက်တာ ရွှေခါးရ် က ဧရာဝတီ ကို ပြောသည်။
အစိုးရချမှတ်ထားသည့် လက်ရှိ ငြိမ်းချမ်းရေး မူဝါဒသည် တိုင်းရင်းသား အရေးကိစ္စအတွက် မဟုတ်ဘဲ ၎င်းတို့အတွက်သာ ဖြစ် ကြောင်း၊ ထိုကြောင့် တိုင်းရင်းသားများကလည်း မိမိတို့အရေးအတွက် ဆွေးနွေးနိုင်မည့် ကိုယ်ပိုင်မူဝါဒများ ချမှတ်လို၍ တိုင်း ရင်းသား ညီလာခံကို ကျင်းပရကြောင်း မွန်ပြည်သစ်ပါတီ ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ကလည်း ပြောဆိုသည်။
“ကျနော်တို့က ကိုယ့်ငြိမ်းချမ်းရေး အစီအစဉ်နဲ့ သွားမယ်၊ ပါလီမန် အပြင်ဘက်ကပဲ နိုင်ငံရေး အဖြေရှာမယ်၊ ပါလီမန်ထဲမှာ က အစိုးရလူတွေပဲ များနေလို့ပါ”ဟု ၎င်းက ဆိုသည်။
အစိုးရ၏ ငြိမ်းချမ်းရေး လမ်းစဉ်များတွင် အပစ်အခတ်ရပ်စဲ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊၂၀၀၈ ဖွဲ့စည်းပုံဥပဒေ လက်ခံရေး၊ နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲဝင်ရေး၊ လွှတ်တော်ထဲ၌ နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ရေး စသည်တို့ ဖြစ်သည်။
တိုင်းရင်းသား ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး ပြည်တွင်းမှ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လူထု အခြေပြု လူမှုအဖွဲ့များ စသည်တို့မှ လူဦးရေ ၁၃၀ ကျော် တက်ရောက်ကြောင်း ညီလာခံ ၏ ကြေညာချက်၌ ဖော်ပြထားသည်။
အစိုးရအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်မည့် အားလုံးပါဝင်သော အစည်း အဝေးကြီး (ညီလာခံ) တခုကို ဦးဆောင်ကျင်းပပေးမည်ဟု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကလည်း ဆိုထားသည်။
ဒေါက်တာ ရွှေခါးရ် က“ညီလာခံတခု ကျင်းပမယ်လို့ ပြောနေပေမယ့် ဘယ်လိုမျိုးလုပ်မယ်ဆိုတာကို ပြောတာမရှိဘူး၊ အဲဒီ ညီ လာခံ ဖြစ်ပေါ်ရေး ကိစ္စတွေကို စတင်ပြင်ဆင်ကတည်းက နှစ်ဘက်စလုံး အပြန်အလှန်ဆွေးနွေးတဲ့ အချက်အလက်တွေ အခြေ ခံပြီးတော့မှ ညီလာခံ ခေါ်ယူဖို့ ကိစ္စတွေကို အစိုးရနဲ့ ဆွေးနွေးမယ်”ဟု ပြောသည်။
ပြည်တွင်းငြိမ်းရေး ရေရှည်တည်တံ့ရန် အတွက် အလွှာပေါင်းစုံပါဝင်သည့် အစည်းအဝေးကြီး (ညီလာခံ) တခုကို ၂၀၁၅ ခုနှစ် မတိုင်မီ ဖော်ဆောင်ပေးမည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးစဉ် ပြောဆိုထားခြင်း ဖြစ်သည်။
အစိုးရသည် ညောင်နှစ်ပင် ညီလာခံ ခေါ်ယူစဉ်က တဘက်သတ်စီစဉ်၍ ၎င်းတို့စိတ်ကြိုက် ရေးဆွဲချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယခုခေါ်ယူမည့် ညီလာခံကို ထိုသို့ မဖြစ်ရအောင် ကြိုတင် ပြင်ဆင်နေကြောင်း တိုင်းရင်း သား ခေါင်းဆောင်များ က ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်တွင်း၊ ပြည်ပ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးညှိနှှိုင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့် ဆင့်တွင် အမျိုးသမီးများ၊ လူငယ်များ၊ လူမှုအဖွဲ့များ ပါဝင်နိုင်ရေး စသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာ ရွှေခါးရ် ကလည်း ပြောဆိုသည်။
ထို့အတူ ကချင်ပြည်တွင်း အစိုးရစစ်တပ်၏ ထိုးစစ်ကြောင့် စစ်ဘေး ဒုက္ခသည် ၉ သောင်း ကျော် ရှိနေသည့်အပြင် ရခိုင်ပြည် တွင်း အဓိကရုဏ်းကြောင့် အသက်ပေါင်းများစွာ ဆုံးရှှုံးခြင်း၊ ဒဏ်ရာရခြင်း၊ ဥစ္စာဓန အိုးအိမ်များ ပျက်စီးဆုံးရှှုံးရခြင်းများ အတွက် အစိုးရက အမြန်ဆုံး ဖြေရှင်းပေးရန်တို့ကိုလည်း ယခု ညီလာခံ၏ ကြေညာချက်၌ ဖော်ပြထားသည်။
တိုင်းရင်းသားညီလာခံမှ ချမှတ်ထားသည့် မူဝါဒများကို အစိုးရထံ ပေးပို့၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့များနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း၊ အစိုးရ ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူ ၈ ချက်တွင် တချို့အချက်များကို တိုင်းရင်းသားများက သဘောမတူနိုင်ကြောင်း လည်း သိရသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက တိုင်းရင်းသားတို့ သဘောမတူသည့် အချက်များရှိသော် ပြောင်းလဲ၍ ရသည်ဟု ပြောဆိုထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖွဲ့ပါဝင်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ကို ခုနှစ်က ဖွဲ့စည်းခဲ့ပြီး အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပါက အဖွဲ့ဝင် အားလုံးနှင့် အတူဆွေးနွေးရန် မူ ချမှတ်ထားသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရန် KNU၊ KIO အစရှိသည့် လက်နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်း၍ ၂၀၁၁ ခုနှစ်အတွင်း အဖွဲ့ဝင် ၁၂ ဖွဲ့ဖြစ်လာကာ UNFC အဖြစ် ပြောင်း လဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။