မြန်မာအစိုးရက မန္တလေး နိုင်ငံတကာ လေဆိပ်၏ ပို့ဆောင်ထောက်ပံ့ရေး လုပ်ငန်း တိုးချဲ့ရေးအတွက် ဖက်စပ် လုပ်ကိုင်ရန် ပြည် တွင်း ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများကို ရှာဖွေကမ်းလှမ်းမှုပြုလုပ်နေကြောင်း သတင်းရသည်။ နိုင်ငံတကာ ခရီးသွားများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက်မှု များပြားလာနိုင်သည်ဟူသော ခန့်မှန်းချက်ဖြင့် ယင်းသို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ခရီးသည် တင် လေယာဉ်များနှင့် ကုန်တင်လေယာဉ်များ ဆင်းသက်အသုံးပြုမှု အတွက်လည်း ပြုပြင်တည်ဆောက်မည့် အစီအစဉ်များပြုလုပ် လျက် ရှိကြောင်း မြန်မာ့လေကြောင်း ကို ကိုးကား၍ Cargo News Asia အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ လက်ရှိ မြန် မာ နိုင်ငံတွင် မန္တလေး အပါအဝင် ရန်ကုန် နှင့် နေပြည်တော်တို့တွင် နိုင်ငံတကာ လေဆိပ်များ ဆောက်လုပ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။