အစိုးရက နိုင်ငံတဝန်း အကျဉ်းထောင်များရှိ အကျဉ်းသား ၅၁၄ ဦးကို ယမန်နေ့က ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် ပြုလိုက်သည်။ သို့သော် လွှတ် ပေးလိုက်သူများ၏ အမည်စာရင်းကို ထုတ်ပြန်ခြင်း မရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကိုလည်း ရှင်းလင်း စွာ မသိရှိရကြောင်း၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူများ၏ အဆိုအရ လွတ်မြောက် လာသူများတွင် နိုင်ငံရေး အကျဉ်းသား ၅၀ နီးပါး ပါဝင်သည်ဟု သိရကြောင်း AP သတင်းက ဖော်ပြသည်။ လွတ်မြောက်ရန် နိုင်ငံရေး အကျဉ်းသား ၃၀၀ မှ ၅၀၀ ဝန်းကျင် ကျန်ရှိနေသေးသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။